Thursday, March 22, 2012

အသံစုံ တောရိုင်း..။။



တုံး တုံး ၊ သံသံ
ညံညံ  ၊   စီစီ
 "အီ "သည်  ချိုးဘုတ်လေ။

ဒေါင်းငှက်  "အိုးဝေ"
မျောက် " ကြိုးခွေ"
ခါးသည် ငှက်ငယ်လေး။

သင်းကွဲ အော်သံ
တစ်တောလုံး ညံ
ဆူပူနေ၇ှာ ပေ။


 "ဖိုးခေါင်း" အမည်ကြွား
ငှက်ငယ်များ
တွန်ကြူး နေ၇ှာလေ။

ဝါးလက် ခတ်သံ
ခွတ်ခွတ် ညံ
တောတွင်းသံများ ခြောက်ခြားစေ။


ခါးသာ ဘုတ်ချိုး
ကြက် တောမျိုး
ပျော်မြူ နေ၇ှာပေ။

လေးသိန်း အားမာန်
ခြင်္သေ့ ဟန်  တောဘုရင်ဟုဆို။


တောတွင်း သဘာဝ
စဥ်းစား မိက
စိတ်ဝင်စရာ တစ်ဖုံ ပါလေ။




ကဗျာချစ်သူများကို နေမင်းချစ်ခင်လေးစားလျက်ပါ။

======။။။။။။မိန်းမရုပ်။။။။။။။=======

"ဗာမာမျိုးဟေ့ တို့  မြန်မာ"

အားမာန် အပြည့် အလေးသာသာ

အသံသာကုန် အောင်" ဟစ် "ခြေလေတော့...


ဘုရား သာသနာ အရောင်းဆင်းတောက် ပြောင်လို့ 

သိက္ခာပုဒ် များဆောင်စီးကြမယ်လေ။


ဘာသာခွဲခြား ပြုသူများ

အပယ်လားနိုင်ခြေ...။


ဘုရားဟောကြား တရားတော်များ

နာကြားစေလိုပေ။



အယူလွဲမှား ဘာသာခြား

သိကောင်းစရာတွေ..၊


ငရဲဟုသည် ဘာရယ်မသိ

အသိခေါက်ခတ် အ၀င်နက်လေ

အစ ၇ယ် ဘယ်ပျောက် ဘဲဥငယ်။




ပြိတ္တာမြိုတော် လူစီနော်

ထိုသူများအတွက်ပေ။


ကုသိုလ်ပျောက်၇ှ ထိုသူငှာ

တရားဘယ်မှာလေ။


ဘာသာခွဲခြား ယူသူများ

မျိုးဖျက်နေ၇ှာလေ။

မိန်းမရုပ် အသွင် သူတို အဆင်း

ငရဲလားဖိုပြင်။


ထိုသို မျိုးဖျက် မိန်းမရှက်

သာဓုမျှဝေ နာလည်စေဖို့

"၀ိပသနာဆပ်ပြာ" နဲသာ တိုက်ချွတ်ပေးတော့လေ။


ကျူပင်ကယ်နုတ် ကျူငုတ်မကျန်

အတွင်းအကျန် မချန်သင့်ဘဲ

ယမမင်းထံ အပ်နှင်ခြေပြီး

သုခ နတ်ဘုံ အလုံးစုံ တိုင်းကြားသိနိင်စေ။။။။။။။။။။။



ကဗျာချစ်သူများ ကိုနေမင်းချစ်ခင်လေးစားကြည့်ညိုလျက်ပါ။

မြန်မာ့ မြေ။

မြန်မာမှု မြန်မာအလှ
မြန်မာ့ ဓလေ့သာ
သာမွန်းကောင်းလှပါဘိ။

မြန်မာ့ဥတု သုံးလရာသီ
နွေခေါင်  ၊မိုး  ၊ဆောင်း
တစ်လည့်ဆီ ပြောင်းလည့်လေပြီး။


နွေချိန်ခါဝယ်..
" သင်းခွေ " ပန်းခင်း ၊ သင်းပျံမွေးထုံ
ခ၇ီးကြုံ မိန်းမပျိုလေသာ
တစ်ကျော့ ပြန် ခူးဆွတ်မယ်လေး။

နွေပြီး မိုးစပ် ၊ ပူအိုက်စွတ်စို
 မိုးရေသောက်သုံး  " ကင်းပုံ " ပွင့်သည်
 တောင်လေသာသာ အခြေမသာတဲ့
 မိုးတိမ်များ မှောင်မည်နေလေပြီး။


မိုးကုန် တောစပ် ချမ်းစိမ့်လေကြည့်
ခွာညို နွယ်ပန်း  တောင်စောင်းထက်ဝယ်
နှင်းရည် သောက်သုံး ပွင့်ဖူးေ၀၇ှာနေ။

မြန်မာမျိုးအစ ခါသည်သွယ်
ဥတုသုံးသွယ် ရာသီပြောင်း
ကောင်းကျိုး မျှဝေ မြန်မာ့ မြေ။




နေမင်းသူ  ကဗျာချစ်သူများကို ချစ်ခင်လေးစားလျက်ပါ။

အချိန်တန်...။

စုံတော မြိုင်စံ 
အလည်လတ်ကြား
သောင်းမြစ် ရေလျှံလို
ရွှေရောင်ေ၇စီး။

ကျေးငှက် တွန်ထူး
အသံသာသာ
အချိန်တန် တန်းတတ်ကြသည်လေး။

မြူငွေ့ ထူပေါင်းပိတ်
မြစ်ရေ လည်ကြား
ရေ၀ဲအော် သံညံ ။

သောင်းမြစ်ကုန်းစပ်  စုပြုံကာ
ခုန်ဆွခုန်ဆွပြေး...
ငါးသား ၊ငါငယ် ၊ငတန်း ၊၀ဲခိုလို
ချိန်ညိုနေမင်း မြစ်ကြီးထဲဝင်ပြီးလေ။




ပျော်ရွှင်ပါစေကဗျာချစ်သူ။

အမေရယ်။


အူဝဲ အသံငယ်ငယ်...
ချစ်စရာအသံကောင်း သံစဉ်လေး၇ယ်က
အာပြဲအောင် ငိုပါဘိ
အမေ့၇င်ခွင်ထဲ တိုးဝှေ့လို့ ဝင်.....

ချစ်စရာအပြုံးလေးရယ်....
ရယ်သံငယ် လေးရယ်က အပြစ်ကင်းစင်
ဆာလောင်ဟန် လှုပ်ရယ်ပြုပုံက
မိခင် နို့ဦးရည်ကိုမှ သူစို့ဟန်ပြင်...

ချစ်သမီး မျက်နာ ပန်းခင်သာ
ရနံ သင်းသင်း ပန်းဘုရင်ဆိုသည့်
တော်ဝင် နန်းသဇင်ကိုမှ
ချစ်သမီးအတွက် ပန်....


အလိုလေ...
ချစ်သမီး..ချစ်သမီး... ထက်ကာညည်းခါမှ
ချစ်သားအတွက် အဘယ်နည်း...

ခါသီသာဝယ်....
ငါချစ်သားသာ အချစ်ဆုံးတည့်။
ငါချစ်သားသာ အထွတ်မြတ်ဆုံးတည့်။
ငါ ချစ်သားသာ အမြင့်မြတ်ဆုံးတည့်။

မိခင်ကြွေးကြော် ဆောအောသံသည်
နတ်ဘုံတိုင်အောင် ပြန့် လွင့် လေပြီး။

မေတ္တာကြီးမှာ နှိုင်းစရာရှာလာက်ပင်
မိခင်စိတ်ထား သည်က
ဤပထ၀ီ ကမ္ဘာမြေကြီးထက်
အဆပေါင်းကျယ်လှလေ၏.....။





ကဗျာချစ်သူများကိုနေမင်းချစ်ခင်လေးစားလျက်ပါ။

ကဗျာက ကျွန်တော်ကမ္ဘာ...

ကဗျာက ကျွန်တော်ကမ္ဘာ...
အင်းလေ......။
တစ်ခါ....တစ်ခါ..... စိတ်မကြည့်သာမို့ 
ကဗျာဖတ်မှ အနေထိုင်သာ...။

အင်းလေ.......။
ကမ္ဘာ.....ကမ္ဘာ...... ငါကမ္ဘာ လဲ..
ကဗျာရှိမှ အနေထိုင်သာတယ်..။

အင်းလေး......။
တစ်နေ ...တစ်ခါ... အားချိန်မှာလဲ
ကဗျာနဲသာ စံပျော်နေရှာပေ။

အင်းလေ.......။
ကဗျာ...ကဗျာ စာအတိုပေမဲ့
လူမိုက်ကိုလဲ ဆုံမနိုင်သည်။

အို... အလိုလုလင်....
ကဗျာ.. ကဗျာ.. စာသွားကလဲ
ဓားသွားထက်ပင် ထက်လှပေ၏

အို...အလိုလုလင်
ဆရာ..ဆရာ..ကဗျာဆရာလဲ
တည်ငြိမ်ချမ်းအေးလှပါ၏။





ကဗျာချစ်သူများကို ညီငယ်နေမင်းချစ်ခင်လေးစားကြည့်ညိုလျက်ပင်။
ကဗျာချစ်သူနေမင်းသူ။

မကြာမီ......

ဒီပန်းလေး လှနေတာဘဲ။
မကြာမီ ညှိး သွားတော့မှာပါ.. ( ခူးယူလို )။။။။။။။။။


ဒီ တော လေး စိမ်းမြနေတာဘဲ။
မကြာမီ ပျောက်ကွယ်သွားတော့မှာပါ....( ခုတ်ယူလို )။။။။။။။


ဒီဥယျာဉ်လေး အရမ်းလှတာဘဲ။
မကြာမီ ခြောက်သွေ့ သွားတော့မှာပါ....( ဖျက်နေလို )။။။။။။။။။


ဒီဒေသလေး သာယာနေတယ်။
မကြာမီ ပျောက်ကွယ်သွားတော့မှာပါ... ( ဖဲ့ ယူလို )။။။။။။။။။


ဒီအတိုင်းလေး ကြည့်နေတယ်။
ဒီအတိုင်းလေးဘဲ ပျောက်ကွယ်သွားတယ်။


ဒီအတိုင်းပြန်လုပ်ကြနေကြတာဘဲ။
ဒီအတိုင်းပြန်ဖြစ်မလားဘူး....။


ကလေးတွေ စားနေတယ်။
အရသာ ရှိလိုထင်တယ်...( ၀မ်းရေးကောင်းဖို့ အတွက် )။။။။။။။။


ငါကြည့်နေတယ်။
မကြာခင် စားတော့မယ်။


လူကြီးတွေလဲ စားနေတယ်။
ဒါလေးကောင်းလိုဖြစ်မယ်......( ရှေ့ ရေးကောင်းဖို့ အတွက် )။။။။။။။။


ငါမြင်နေတယ်။
မကြာခင် သူစားတော့မယ်။


ကဗျာချစ်သူများအား နေမင်းချစ်ခင်လေးစာကြည့်ညိုလျက်ပါ။
ညီငယ်နေမင်းသူ(ကဗျာချစ်သူ)

မွေးမြေ ဒေသလေးမှ အစပြု၍.


မွေးမြေ ဒေသလေးမှ အစပြု



ဤဒေသလေးဝယ်...
သူမြေတွင်စိုက် ၊ သူ့ အားအသုံးခံ
ထိုပင်ပွင့်ဖူး ၊ မြူထူး၇ွှင်ပျော်
သူမြေသီးစား ၊ သူအားဆက်နွယ်
သူေ၇ကိုသောက် ၊ ခါသီသွယ်
ငါသည်ကြီးပြင်းလာပါတကား....။

ဤဒေသလေးဝယ်...
မိဘအသွင် ၊ ချမ်းအေးမြမြ
ဒီမြေမျိုးမှ ၊ ငါမွေးရပ်မြေ
ရန်သူ ဟုသည် ၊ ၊ ဘယ်ဟာမသိ
ကောင်းမှု ကိုသာပြုသည်မြေ မို့ ၊
တရားရိပ်တွင်မွေ့ (လျော်)..။


ဤဒေသလေးဝယ်...
ကားရယ်မ၇ှိ ၊ ရထားမဲ့မြေ
ထိုသည်အရာ မ၇ှိပါလဲ
ခရီးရယ်ဆက် မြန်။


ဤဒေသလေးဝယ်...
စိမ်းလှဲ့ မြမြ ၊ တောတောင်ငယ်
တောဖျားခေါင်စပ် ၊ ချောင်ကျအရပ်မို့ 
အသံကြယ်ကြယ် ၊ ငှက်ငယ်ငယ်
ပုစဉ်ရင်ကွဲသံက ဆူဆူညံလှပါဘိ။



ဤဒေသလေးဝယ်...
တောရိပ်ဝါးရိပ် ၊ အုပ်ဆိုင်းအငွေ့ မြူ
ချူံနွယ်ပိတ်ပေါင်း ၊ ထူထက်ခက်လို့ 
နေမင်းကြီးရယ် ဘယ်မှာတုန်း
အော်ခေါ်နိုးလိုက်ပါစမ်း ၊ စော်အောသံ။

ဤဒေသလေးဝယ်...
အလှူအတန်း ၊ သဒ္ဒါ ထက်သံ
မေတ္တာပေါပေါ ၊ ထိုအရပ်မြေ
အကူညီရယ် ယူစမ်း ၊ အနောင်တော်။


ဤဒေသလေးတွင်သာ..
ငါမွေးဖေဖေ ၊ မွေး မေမေက
မွေးဖွားပေးသည် ၊ ငါ မွေးရပ်မြေ
ငါအတွက် တန်ဖိုး ၊မဖျက်နိင်ခြေမို့ 
အေးချမ်းလှ ၊ အေးလှပါဘိလေး။



ကဗျာချစ်သူများကို ချစ်ခင်လေးစားလျက်။(6.11. 2011)။
ေ၇းချင်တာရေးရလို ပျော်မိပါတယ်။တိန်!

ဒါက...ပြုရိုးဖြစ်စဉ်ပင်။

ဝန်းကျင်ငယ်မှ တစ်ဝိုက်
မြက်ငယ် မြက်နု ထွက်စပြုလေပြီး။


ဝန်းကျင်ငယ်မှ တစ်ဝိုက်
ခြောက်သွေ့ လာပြီး။


ဥတုသုံးပါး အကြောင်းခံ
အမှန်ရင်းကို အဖြေစစ်မယ်ကြံလေ၏။


ငှက်ငယ်ကလေးပျံသန်းနေတယ်။
စားရေး ၀မ်းစာ သူရှာထွက်တော့မယ်။


စမ်းချောင်းကလေး စီးနေတယ်။
အနိမ့်အမြင့် သဘောတရားကြောင့်ဖြင်ခြေ၏။


ဒီတောတောင်လေး... အရိမ်ကလေးဖြင်နေတယ်။
အုပ်ကြီးစိုးတဲ့ အပင်ကြီးကြောင့်ဖြစ်ခြေ၏။


ခါသာငှက်ငယ်လေး အော်နေတယ်။
ဆာလောင်နေတဲ့ ၀မ်းရေးကြောင့်ဖြစ်ခြေ၏။


နေ့ မှာ.....နေလုံးကြီးထွက်လာပြီး။
ဒါက....ပြုရိုးဖြစ်စဉ်ပင်။


ည မှာ.....လမင်းကြီးသာနေပြီး။
ဒါက....ပြုရိုးဖြစ်စဉ်ပင်။


လူတွေ ....လူတွေ... လိမ်နေတယ်
ဒါက....ပြုရိုးဖြစ်စဉ်ပင်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။




ကဗျာချစ်သူများအားလုံးကို ချစ်ခင်လေးစားကြည့်ညိုလျက်။
ညီငယ်နေမင်းသူ(ကဗျာချစ်သူ)။

♣ ♣ ♣ ။ ရင်ထဲကဆူး ။ ♣ ♣ ♣


အိမ်မက်သည်......ကဗျာ...။
ကဗျာသည်.......အသက်...။
စိတ်ကူးတွေ...အချစ်ဖြစ်ပါစေသား...။


သူသည် အချစ်...။
သူ့ အချစ်သည်.. ငါ့ ကမ္ဘာ...။
သူ့ ပါးလေး နမ်းရှိုက်မိပါစေသား...။


အနမ်းသည်က ...ပန်း
ပန်းလေးလိုက လှသည်
သူ့ အချစ်တွေရင်မှာဆူးနစ်ပါစေသား။



ကဗျာချစ်သူများကို နေမင်းချစ်ခင်လေးစားကြည်ညိုလျက်ပင်။
နေမင်သူ ( သထုံသားလေး )

ရောင်စုံ သက်တန့် ငယ်..


ရောင်စုံ သက်တန့် ငယ်..


အရောင်စုံ သက်တန့်  ငယ်ငယ်

ကောင်းကင် ၀ဲပျံကာ သောက်ရေငယ်ဆင်း..။

အဝေးကလှန်းမြင်ရ သောအချိန်ရယ်က

စိမ်းလဲ့လဲ့နီပြာပြာ

ဝါတာတာခ၇မ်းသန်းလို

ကြည့်လင်တောက်ပ လွန်းလှပါဘိ.။

သက်တန့် ငယ်။




ကဗျာချစ်သူများအားအမြဲလေးစားကြည့်ညိုလျက်။
ညီငယ်နေမင်းသူ။

ကဗျာဆရာမဟုက်ချေ..။ (ကဗျာ)

ကဗျာသွယ်သွယ် ၊ စာနွယ်လေးလိုလို
အနုသုခမ ၊ နုနုရွရွ လေးတွေနဲ့ 
ငါ မဖွဲ့ တတ်ပါဘူး...


သို့ သော်...။
ကဗျာ ပန်းခင်း ၊ စာနွယ်လေးတွေက
ငါ့ရင်ထဲ အမြစ်တွယ်နေတယ်..။



ကဗျာကို လူ  က ပြုပြင်တာလား ၊ ကဗျာက လူ ကို ပြန် ပြုပြင်တာလား
ဝေဖန်နေရင်း ငါခေါင်းတွေ မူးဝေ လာတယ်.။



ထက်ခါလဲလဲ ၊ အဖန်ဖန် အလီလီ
ငါ့ခေါင်းထဲ ကဗျာ ..ကဗျာ..ကဗျာ နဲ..
ငါ့ အတွေး တွေက အချိန်ကို တိုက်စားနေတယ်..။



စစ်ရေးပြတိုင်း စစ်သားမဟုက်..
ပန်းနုစိုက် တိုင်း ဥယျာဉ်မှုးမဟုက်.
တောင်ပိုင် တတ်တိုင်း တောင်တတ်သမားမဟုက်..
အမှန်တော့..
ငါသည်လဲ ကဗျာရေးတိုင်း ကဗျာဆရာမဟုက်ချေ...။





ကဗျာချစ်သူများအား လေးစာကြည့်ညို လျက်ပင်.။
နေမင်းသူ(သထုံသားလေး)

လူခါးကြီး.......။(ကဗျာ)

အတွေးက ချော် ၊ လက်က လှော်
စားသားရမ်းရမ်း ၊ မျက်မှန်း ကန်းလို့ 
ခံစားချက်မပါဘဲ  ၊ ငါရေးတော့မယ်.(ကဗျာ)..။


လက် က အဆိတ် တတ် ၊ သွေးက ပျက်လဲ
 ( မှင် )တစ်စက် မကျန် ၊ ငါ အကုန်ချ ရေးနေမည့် (ကဗျာ)..။


ကဗျာ စာဖူး ၊ စာနွယ်ဦးလေးတွေနဲ့ လဲ
ငါ အစမချီ ထားပါဘူး.........။


ငါ ဦးခေါင်းထဲ  ၊ အခါခါ ထူးတဲ့
အကြောင်းထူးလေးတွေတော့ ပါကောင်းပါမယ်..။


ကဗျာ ကို မသိပေမဲ့ ၊ ကဗျာဖန်တီးတဲ့သူ
စာကို မသိပေမဲ့ ၊ ထက်ခါရေးမိ တဲ့သူ
စာ မသီကုန်းတတ်ပေမဲ့ ၊ ကဗျာရိုင်းလေးတစ်ပုဒ်လောက်တော့
ဖြစ်လာကောင်းချီရဲ့ .....။


အမှန်တော့.....ငါဟာ
ရင်ထဲ ဗုန်းပေါက်နေတဲ့
လူခါးကြီးပါ မိတ်ဆွေ.......။








နေမင်းသူ ကဗျာ ချစ်သူများအား ချစ်ခင်လျက်ပင်။
(သထုံသားလေး)