အူဝဲ အသံငယ်ငယ်...
ချစ်စရာအသံကောင်း သံစဉ်လေး၇ယ်က
အာပြဲအောင် ငိုပါဘိ
အမေ့၇င်ခွင်ထဲ တိုးဝှေ့လို့ ဝင်.....
ချစ်စရာအပြုံးလေးရယ်....
ရယ်သံငယ် လေးရယ်က အပြစ်ကင်းစင်
ဆာလောင်ဟန် လှုပ်ရယ်ပြုပုံက
မိခင် နို့ဦးရည်ကိုမှ သူစို့ဟန်ပြင်...
ချစ်သမီး မျက်နာ ပန်းခင်သာ
ရနံ သင်းသင်း ပန်းဘုရင်ဆိုသည့်
တော်ဝင် နန်းသဇင်ကိုမှ
ချစ်သမီးအတွက် ပန်....
အလိုလေ...
ချစ်သမီး..ချစ်သမီး... ထက်ကာညည်းခါမှ
ချစ်သားအတွက် အဘယ်နည်း...
ခါသီသာဝယ်....
ငါချစ်သားသာ အချစ်ဆုံးတည့်။
ငါချစ်သားသာ အထွတ်မြတ်ဆုံးတည့်။
ငါ ချစ်သားသာ အမြင့်မြတ်ဆုံးတည့်။
မိခင်ကြွေးကြော် ဆောအောသံသည်
နတ်ဘုံတိုင်အောင် ပြန့် လွင့် လေပြီး။
မေတ္တာကြီးမှာ နှိုင်းစရာရှာလာက်ပင်
မိခင်စိတ်ထား သည်က
ဤပထ၀ီ ကမ္ဘာမြေကြီးထက်
အဆပေါင်းကျယ်လှလေ၏.....။
ကဗျာချစ်သူများကိုနေမင်းချစ်ခင်လေးစားလျက်ပါ။
No comments:
Post a Comment