Thursday, March 22, 2012

လူခါးကြီး.......။(ကဗျာ)

အတွေးက ချော် ၊ လက်က လှော်
စားသားရမ်းရမ်း ၊ မျက်မှန်း ကန်းလို့ 
ခံစားချက်မပါဘဲ  ၊ ငါရေးတော့မယ်.(ကဗျာ)..။


လက် က အဆိတ် တတ် ၊ သွေးက ပျက်လဲ
 ( မှင် )တစ်စက် မကျန် ၊ ငါ အကုန်ချ ရေးနေမည့် (ကဗျာ)..။


ကဗျာ စာဖူး ၊ စာနွယ်ဦးလေးတွေနဲ့ လဲ
ငါ အစမချီ ထားပါဘူး.........။


ငါ ဦးခေါင်းထဲ  ၊ အခါခါ ထူးတဲ့
အကြောင်းထူးလေးတွေတော့ ပါကောင်းပါမယ်..။


ကဗျာ ကို မသိပေမဲ့ ၊ ကဗျာဖန်တီးတဲ့သူ
စာကို မသိပေမဲ့ ၊ ထက်ခါရေးမိ တဲ့သူ
စာ မသီကုန်းတတ်ပေမဲ့ ၊ ကဗျာရိုင်းလေးတစ်ပုဒ်လောက်တော့
ဖြစ်လာကောင်းချီရဲ့ .....။


အမှန်တော့.....ငါဟာ
ရင်ထဲ ဗုန်းပေါက်နေတဲ့
လူခါးကြီးပါ မိတ်ဆွေ.......။








နေမင်းသူ ကဗျာ ချစ်သူများအား ချစ်ခင်လျက်ပင်။
(သထုံသားလေး)

No comments:

Post a Comment