Wednesday, August 22, 2012

[ ♥-♥-♥-♥-♥ တော်ဝင်သဇင် .......... မို့ လား...။ ♥-♥-♥-♥-♥ ]

တော လား ၊ မြိုင်လား အုပ်မှိုင်းလေရော်...
အသံသာ သီကျူး   ၊ ငှက်ကလေးများမို့  အလား...
နေခြည်ဖြားစူး ခွာညှိဖူး လဲ ၊ မွေးကြိုက်ပွင့်လန်းနေတယ် မို့ လား..........
ရောင်သစ်ဆန်းထက် အနွယ်တည့်ထဲ အမြင့် စံ ၊ တင့်တယ်လှတဲ့  သစ်ခွပန်းများ အမို့ လား..
အို့ အလိုလေ.... ပန်းတို့ သခင် မြသဇင် ၊ ဤသည်ပန်းရယ်က  တော်ဝင်ပန်းတော်မို့ အလား...


ပန်းမျိုးမျာစွာ ပန်းများသည်က သူဂုဏ်ရနံ သူသည်သာ များစွာပြည့်စုံနေလေရော်...
ဤသည် သခင်ပန်း တော်ဝင်နန်းသူ ၊ ထိုက်သူတို့ သာ ခူးဆွတ် " ပန် " ခွင့်ရှိတယ် အမို့ လား..
မြိုသူမြိုသား ခူးရောင်းပန်  ခဲ့ပါလေသော် မင်းပြစ်မင်ဒဏ် ခံရလေချီ ၊  ရှေ့ကျမ်းစာပေ ဖတ်ဖူးကြတယ်မို့ လား..။
ပန်းမျိုးအလည် သခင်ဂုဏ်ဝင့် မြသင်ဇင်မျိုးရယ်က တော်ဝင်မျိုးနွယ် ပျိုမဒီလေးများ အကြိုက် မို့ လား..။


အလေးနတ်ထားစဉ်းစားကြည့်ပါလေ......
ပန်းမျိုးစုံဝယ် ဂုဏ်ယူဝင့်ကြွား စာစကားလဲ ကဗျာဆရာများရဲ့  ဖွဲ့နွဲ့ ချီးမွန်းခြင်း ခံရတယ် မို့ လား..။
စာကလေးကနွယ် ၊ ပန်းကလေးမွေး ၊ ကဗျာဆရာစိတ်ကူး နုရွှရွှလေးမို့ လား...
ငှက်ကလေးက ကျူး ၊ နေခြည်ကဖြာ ၊ ပန်းကလေးကမွေး ၊ အေးချမ်းမိတာမို့ ...
သင်ကြေနပ် နိုင်တယ် မို့ လား..။





နေမင်းသူ(သထုံသားလေး)
ရေးချင်တာရေးရလိုပျော်မိပါ၏..။
[ 20-AUG-2012 ]

No comments:

Post a Comment