Wednesday, July 4, 2012

♠♠♠♠♠ ကြာ ကို ခူး သူ ♠♠♠♠♠

♠♠♠♠♠ ကြာ ကို ခူး သူ ♠♠♠♠♠
ချစ်တဲ့သူငယ်လေး ၊ သူငယ်ချင်းကောင်း
ရောင်းမတို့ ရေ...
လှော် ခတ်ပါလို ၊ ခတ်လို လှော် မှာပါ့ 
 " ကြာပန်း" လေးဖူး ၊ သင်းလို့ ပါ " ရနံ "
လှေကလေးက လှော် ၊ " ကြာ" ကလေးကမွေး
ကန်ရေပြင် ညီလေးက ၊ လိုင်းကလေးတွေကပျော်..။


မခူး ၀င့်လို ၊ မခူး လျင်လဲ
ထို ကြာညိုနွမ်း ၊ ပန်း ရနံလဲ
လေတွင် ပျောက်ရှ ၊ နောက်တရလိမ်မယ် မဆုံး..။


ပန်ရပါလို ၊ ပန်လိုသည်လဲ
" ကြာပန်း" အလှ ၊ ရနံ ဂုဏ်ကြောင့်
ပါးကွက်အထင်း ၊ ပါးပြင် ၊ ချောထက်
ဝင်းပ မျက်နှာ ၊ ရှု့ မ၀ နိုင်ဖြစ်သည်လေး....။



ဝန်ခံချက် - ဒီကဗျာလေးက စိတ်နေမြင့်သူ ဆိုတဲ့ ဒီပိုစ်လေးက စိတ်နေမြင်သူ (အိုင်ချင်း) ကဗျာလေးကို မှီ ပြီးရေးမိပါ၏။
အမှားများ ကဗျာစည်းကမ်းများနဲ မကိုင်ညီပါက ခွင့်လွတ်ပေးပါလို့  မေတ္တာရပ်ခံပါသည်..။
နေမင်းသူ(သထုံသားလေး)
3.7.2012 (11း 40 )

No comments:

Post a Comment